Sunday, October 20, 2013

ဆိုတေး၏ ဇနီးမယားဖြစ်သူဟု ဆိုသူက ၎င်းတို့ပတ်သက်မှုအား မီဒီယာများအား ရှင်းလင်း


chocho-july22

AddThis Social Bookmark Button
မချိုချို (ခ) ခရင်မ်မှ ရှင်းလင်းစဉ်
တေးသံရှင်ဆိုတေး၏ ဇနီးမယား ဖြစ်သူဟု ဆိုသူက ၎င်းတို့ပတ်သက်မှုနှင့် ဆက်စပ်သော ရှင်းလင်းပွဲကို ဇူလိုင် ၂၀ ရက် နံနက် ၁၁ နာရီတွင် မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။
ဆိုတေး၏ ဇနီးဖြစ်သူဟုပြောသည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နေ မချိုချို (ခ) ထိုင်းအမည် ခရင်မ်ခေါ် စီဆူးဒါးထိုင်းမိုင်ဆိုသူမှ မိမိသည် ဆိုတေး၏ ဇနီးမယားဖြစ်ကြောင်း၊ အကယ်၍ ဆိုတေးသတိရလာကာ စကားပြောနိုင်သည့် အခြေအနေရောက်ပြီး ၎င်းအားဇနီးမယား သတ်မှတ်ခြင်း မပြုပါက တေးသံရှင် ဆိုတေးအား ထိုင်းနိုင်ငံ ဥပေဒအရသာမက မြန်မာနိုင်ငံ၏ ဥပဒေအရပါ လိမ်ညာပေါင်းသင်းမှုဖြင့် တရားစွဲဆို သွားမည်ဖြစ်ကြောင်း အဆိုပါ ရှင်းလင်းပွဲတွင် ဆိုသည်။

"အွန်လိုင်းမှာ ပျံ့နေတဲ့ပုံကလည်း  ကွန်ပျူတာနဲ့ ပြင်တာလည်း မဟုတ်ဘူး။ ပရိသတ်တစ်ယောက် အနေနဲ့ အတူတွဲရိုက်ထားတဲ့ပုံလည်း မဟုတ်ဘူး။ အခုလို ပွဲပြုလုပ်တာက နာမည်ကြီးချင်လို့လည်း မဟုတ်ဘူး။ အခြားသော မိန်းကလေးတွေ အခုလိုမျိုး မဖြစ်အောင်ပါ။ ဆိုတေးကိုလည်း ဘန်ကောက်မှာ ဆေးကုပေးဖို့ သူတို့ဘက်က လက်ခံရင် တာဝန်ယူပါတယ်။ ကျွန်မက ဘန်ကောက်မှာ အထည်ချုပ်စက်ရုံ ပိုင်ပါတယ်။ ကျွန်မရဲ့ အမွေတွေကိုလည်း သူ့ကိုလွှဲပေးဖို့အထိပါ စီစဉ်ထားတာပါ" ဟု ၎င်းက မီဒီယာတွေ့ဆုံကာ ရှင်းလင်းခဲ့သည်။
မချိုချို အနေဖြင့် ဆိုတေးအား မြ၀တီတွင် သီချင်းသီဆိုပေးရန် ပွဲငှားရင်းမှ တွေ့ဆုံခြင်းဖြစ်ကာ ယခုနှစ် ဇွန်လ ၂၈ ရက်မှ စတင်တွေ့ဆုံကာ နောက်ပိုင်းတွင် ၎င်းတို့နှစ်ဦး ဆက်ဆံရေးမှာ ပိုမိုရင်းနှီးလာခဲ့ကြောင်း ၎င်းကဆိုသည်။
ယင်းကဲ့သို့ ရှင်းလင်းပွဲ ပြုလုပ်သည့်အပေါ် တေးသံရှင် ဆိုတေး၏ "အစ်ကိုရင်းဖြစ်သူ ကိုဇာနည်က" အခု ဆိုတေးက သတိမရသေးတဲ့အတွက် ဘာမှလည်း မပြောချင်ပါဘူး။ သူသတိပြန်ရလာရင် အကုန်ရှင်းသွား ပါလိမ့်မယ်" ဟုဆိုသည်။
မြန်မာ့အလင်း သတင်းစာတွင် အဆိုတော်ဆိုတေး၏ မိဘများဘက်မှ ကြေညာချက်တစ်ခုကို ဇူလိုင် ၁၉ ရက်တွင် ကြေညာပြီး ဖော်ပြထားသည်မှာ မချောချော (ခ) မ၀င့်ကုဋေသူသည် အဆိုတော်ဆိုတေး၏ တရားဝင် ဇနီးဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် နှစ်ဖက်မိဘများနှင့် သထုံခရိုင် တရားသူကြီး ဒေါ်အေးအေးသိန်းတို့၏ရှေ့မှောက် သထုံမြို့နေအိမ်၌ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးပြီး ယခုလက်ရှိတွင် အမှတ် ၈၊ ပထမလွှာ၊ သပြေညိုလမ်း၊ ရှင်စောပုရပ်ကွက်၊ စမ်းချောင်းမြို့နယ်တွင် နေထိုင်လျက်ရှိကြောင်း၊ ချွေးမဖြစ်သူ မချောချော (ခ) ၀င့်ကုဋေသူသည် လူမှုရေးဂုဏ်သိက္ခာ ထိခိုက်ကျဆင်းခဲ့ရကြောင်း ရှင်းလင်းဖော်ပြခဲ့သည်။

Comments  

ထွန်းအောင်

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ 2013 ဗုဒ္ဓံ ဓမ္မံ သံဃံ.