Monday, October 28, 2013

ဆီးဂိမ်း ပရိသတ် သီးသန့် ကား၊ ရထားနှင့် လေယာဉ်ဈေး လျှော့ပေးမည်

ဆီးဂိမ်း ပြိုင်ပွဲ ကြည့်ရှုလို သူများကို ကား၊ ရထား၊ လေယာဉ်များ သီးသန့် ဈေးနှုန်း လျှော့ချ ပြေးဆွဲပေးရန် ရှိသည် ဟု အားကစား ဝန်ကြီး ဌာနမှ သိရသည်။ ”ပို့ဆောင်ရေး ဝန်ကြီး ဌာန က ညှိနှိုင်း   ဆွေးနွေးမှုတွေ ပြုလုပ် နေပါတယ်။ ဆီးဂိမ်း သီးသန့် ကား တွေ၊ ရထားတွေ၊ လေယာဉ်တွေ အထူး အစီ အစဉ် တစ်ခု အနေ နဲ့ ဈေးလျှော့ ပြေးဆွဲနိုင်အောင် လုပ်ပေး သွားမှာပါ” ဟု အား ကစား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းက ပြောသည်။

ရန်ကုန်- နေပြည်တော် ပြေးဆွဲသည့် ခရီးစဉ်များကို ဈေးနှုန်း လျှော့ချမှု အများဆုံး ပြုလုပ်ပေး သွားမည်ဖြစ်ပြီး သာမန် ပြေးဆွဲပေးသည့် အခေါက်ရေများ အပြင် အစီးရေ ကိုပါ တိုးချဲ့ပြေးဆွဲသွား ရန် ရှိကြောင်း ၄င်းကဆက်ပြော သည်။ ”ကားအစီးရေ ကိုတော့ တစ်ထောင် အထိ ပြေး ဆွဲနိုင်အောင် ဆောင် ရွက်ပေး သွားမှာပါ။ လေယာဉ် နဲ့ မီးရထားကိုလည်း လက်ရှိ ပြေးဆွဲပေးနေ တဲ့ အစီးရေ ထက် ပိုပြီး ပြေးဆွဲပေး ဖို့ စီစဉ် ထားပါတယ်”ဟု ၄င်းကပြော သည်။

 ယင်းအပြင် အားကစားပွဲ ကျင်းပမည့် မြို့များသို့ ရောက်ရှိ ပါက ကစားကွင်းသို့ လွယ်လင့် တကူ ရောက်ရှိစေရန် အတွက် သက်ဆိုင်ရာ မြို့များ၌ ပြေးဆွဲ နေသည့် မြို့တွင်း ယာဉ်လိုင်းများ လည်း တိုးချဲ့ပြေးဆွဲပေးရန် ရှိ ကြောင်း သိရသည်။ (၂၇) ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစား ပြိုင်ပွဲကို မြန်မာနိုင်ငံ အနေဖြင့် ၄၄ နှစ် ကြာမှ ကျင်းပခွင့် ရရှိခဲ့ခြင်း ဖြစ်ပြီး ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၁ ရက်မှ ၂၂ ရက် အထိ ရန်ကုန်၊ နေပြည် တော်၊ မန္တလေး၊ ငွေဆောင် မြို့ များတွင် ကျင်းပရန် စီစဉ်ထား သည်။

 ”နေပြည်တော် ဆီးဂိမ်းသွားကြည့်ဖို့ ဆိုရင် အသွား/အပြန် ကားခ၊ စားစရိတ်၊ နေစရိတ် စုစုပေါင်း သုံးသောင်းကျော်၊ လေးသောင်းလောက် ကုန်ကျမှာပါ။ ကားခ အလကား မပေးရင်တောင် သင့်တင့် တဲ့ နှုန်းလောက် ဖြစ်မှ သွားကြည့်ဖြစ်မှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ ကြည့်ဖို့ ဘယ်လို မှ ဖြစ်နိုင်ခြေ မရှိပါ ဘူး” ဟု ကျောက်တံတား မြို့နယ်မှ အား ကစား ပစ္စည်း အရောင်းဆိုင် ဝန်ထမ်းတစ်ဦးက ပြောသည်။

 လက်ရှိတွင် ရန်ကုန်မှ နေပြည်တော် သို့ ပြေးဆွဲနေသည့် ကားခနှုန်းထားမှာ ခြောက်ထောင်ကျပ် ဖြစ်ပြီး၊ ရထား ခ နှုန်းမှာ ရိုးရိုးတန်း သုံးထောင်နှင့် အထက် တန်း ခြောက်ထောင် နှုန်းရှိကြောင်း သိရ သည်။

From:Myanmar News

ထွန်းအောင်

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ 2013 ဗုဒ္ဓံ ဓမ္မံ သံဃံ.